၂၀၁၀ စီးပွားပျက်ကပ် အတွင်းမှာ ကိုကာကိုလာ ကုမ္ပဏီကြီး လုံးဝ ဒေဝါလီ ခံလိုက်ရတာမှာ အခု ၂၀၉၄ ခုနှစ်မှာ ကမ္ဘာ တစ်ဝှန်းလုံးမှာ ကိုကာကိုလာ တစ်ပုလင်းပဲ ကျန်ခဲ့ပါတော့တယ်။ အဲဒီ ယူရိုငွေ ထရီလီယံ သန်းပေါင်းများစွာ တန်နေပြီး ဖြစ်တဲ့ သမိုင်းဝင် ကိုကာကိုလာ ပုလင်းတော်ကြီးကို ရှေးဟောင်း ပြတိုက်ကြီးမှာ ပြသထားပါတယ်။ အဲဒါကို ကြည့်တဲ့ လူတစ်ယောက်က အစောင့်တွေ အလစ်မှာ ဖြတ်ခနဲ... လက်ဆော့ပြီး ပုလင်းဝကို လက်ညှိုး ထိုးထည့်ကြည့်တာ ပြန်ထုတ်လို့ မရ ဖြစ်နေပါတယ်။ ပြတိုက်မှုး အနေနဲ့ ဘယ်လို ဖြေရှင်းမလဲ...
|